Herbie Fully Loaded (2005)
Adventure, Comedy, Family
Walt Disney ရဲ့ နာမည်ကျော် ပြိုင်ကားလေး Herbie အကြောင်းပေါ့…ဒစ်စနေထုံးစံအတိုင်း ချစ်စရာ ပြိုင်ကားလေးနဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားပါတယ်…အဓိက ချစ်စရာလေးကတော့ လင်ဆေးလိုဟန်လေးပေါ့…:Pနာမည်ကျော် NASCAR ပြိုင်ကားမောင်းသူတွေလဲ Cameros အဖြစ်ပါဝင်ထားပါသေးတယ်…
Budget $50 Million သာကုန်ကျခံရိုက်ကူးထားပေမယ့် Box Office မှာ $140 Million ကျော် ပြန်ရတဲ့ထိစီးပွားရေးအရအောင်မြင်ကျော်ကြားခဲ့ပါတယ်…။ဇာတ်လမ်းကတော့…မက်ဂီပေတန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကအသက်ရှိနေတဲ့ ဘောက်ဝက်ဂွန် လိပ်ခုံးကားလေး နံပါတ် ၅၃ရဲ့ ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်..မက်ဂီရဲ့အဖေက ဒီကားကို ကားသင်္ချိုင်းကနေ ယူလာပြီး သမီးဖြစ်သူကို ဘွဲ့လက်ဆောင်အဖြစ်ပေးခဲ့တာပေါ့..
မက်ဂီက ပြိုင်ကားမောင်းတဲ့ ပေတန်မျိုးရိုးက ဆင်းသက်လာသူဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်း ဝါသနာပါပေမယ့် အက်စီးဒင့်တစ်ခုကြောင့် အဖေဖြစ်သူက ကားထပ်မောင်းခွင့်ပိတ်ပင်ခံထားရတာပါ…
ESPN သတင်း ချန်နယ်လ်မှာ အလုပ်ရတဲ့ မက်ဂီတစ် ယောက် လိပ်ခုံးကားလေးကို စမ်းမောင်းရင်းကားပြပွဲတစ်ခုမှာ NASCAR ချန်ပီယံဖြစ်တဲ့ ထရစ်ပ်မာဖီနဲ့ ယှဉ်ပြိုင်မောင်းရင်း အနိုင်ရသွားပါတယ်..ချန်ပီယံထရစ်ပ်က လိပ်ခုံးလေးက အနိုင်ရရကောင်းလားဆိုပြီး မကျေပွဲနွှဲဖို့စီစဉ်တဲ့အခါ….။
Comments
Post a Comment