လီလို နဲ့ စတစ်ခ်ျ (၂၀၂၅)
***
လီလို နဲ့ စတစ်ခ်ျ ဆိုတာက ငယ်ငယ်ကတည်းကနေ ကြည့်ခဲ့ကြရတဲ့ ကလေးတော်တော်များများ ကြိုက်ခဲ့ကြတဲ့ ကာတွန်းကားတစ်ကားဆိုလဲ မမှားပါဘူး ။ ယခုအခါမှာတော့ ၂၀၀၂ ခုနှစ်က ထွက်ခဲ့တဲ့ ကာတွန်းကားလေးကို လူတွေနဲ့ ပြန်ရိုက်ထားတာကို ကြည့်ရှုရမှာပါ ။
ဇာတ်လမ်း အကျဉ်းအနေနဲ့ကတော့ - တူရို လို့ခေါ်တဲ့ ဂြိုလ်ပေါ်က သိပ္ပံပညာရှင်တစ်ယောက်ဟာ စမ်းသပ်မှု တစ်ခုပြုလုပ်ရင်း ကြမ်းတမ်းပြီး မဖျက်စီးနိုင် တဲ့ သတ္တဝါ ၆၂၆ ကို ဖန်တီးမိသွားပါတယ် ။ ထိုအရာကို အဖွဲ့ချုပ်ကနေသိရှိသွားတဲ့အခါ ထိုသိပ္ပံပညာရှင်အား ထောင်ချပြီး ၆၂၆ အား ပြည်နှင်ဒဏ် ပေးမည် လုပ်ရာ ၆၂၆ မှာ ရဲယာဉ်ကိုယူပြီး ထွက်ပြေးသွားပါတယ် ။
၆၂၆ ထွက်ပြေးရာ ကမ္ဘာပေါ်ကိုရောက်ရင်း ၎င်း ၆၂၆ အား ပြန်လည်ခေါ်ဆောင်ရန် တူကို ဂြိုလ်မှ အမိန့်ချမှတ်လာရာ သိပ္ပံပညာရှင်နဲ့အတူ နောက်ထပ်ဂြိုလ်သားတစ်ယောက်ဟာ ကမ္ဘာပေါ်ကိုရောက်လာပါတယ် ။ ၆၂၆ အား ကမ္ဘာပေါ်မှ တိရစ္ဆာန်ထိန်းကျောင်းရေး စင်တာမှာသိမ်းဆီးထားပြီး လီလို ဆိုတဲ့ ကောင်မလေးနဲ့တွေ့ကာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်ဆောင်လာခဲ့ပါတယ် ။
Comments
Post a Comment